အင်ဒိုနီးရှားကုန်သွယ်ရေးပိုငွေသည် သုံးလအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီး ကုန်တင်ပို့မှုသည် မျှော်မှန်းထားသည်ထက်ပိုမိုတင်ပို့ခဲ့ရကြောင်း အင်္ဂါနေ့တွင် ထုတ်ပြန်သော အချက်အလက်များအရသိရှိရပါသည်။ ယင်းအချက်အလက်များမှာ အင်္ဂါနေ့မှစတင်သည့် နှစ်ရက်တာ မူဝါဒအစည်းအဝေးအတွင်း ဗဟိုဘဏ်မှခွဲခြားစိတ်ဖြာမည့် စီးပွားရေးညွှန်းကိန်းများထဲမှ စစ်တမ်းတစ်ခုဖြစ်ပါသည်။ အင်ဒိုနီးရှားဘဏ် (BI) သည် ယခုကုန်သွယ်ရေးအချက်အလက်များမတိုင်မီ REUTERS မှ စစ်တမ်းကောက်ယူခဲ့သော ဘောဂဗေဒပညာရှင်များက အတိုးနှုန်းမပြောင်းလဲဘဲထားရှိရန်အတွက် မျှော်မှန်းထားကြောင်းသိရှိရပါသည်။ ကမ္ဘာ့ထိပ်တန်းကုန်သွယ်ရေးခန်းမှန်းသူများက ဓာတ်ဆီ၊ နီကယ်နှင့် အသားများ၏ ကုန်သွယ်မှုပိုငွေသည် ယခင်လ REUTERS မှ ထုန်ပြန်ချက်များနှင့်နှိုင်းယှဉ်ပါက ဒေါ်လာ၂.၈၉ခန့်ရှိ၍ ယခင်လ ၁.၉၆ဘီလီယံထက်ပိုမိုများလာပြီး ကုန်သွယ်မှုပိုငွေသည်ဟုထုတ်ပြန်ထားပြီး ပို့ကုန်ရငွေသည် မေလတွင် အမြင့်ဆုံးအခြေအနေသို့ရောက်ရှိခဲ့သည်။ ပိုကုန်ရငွေသည် ဩဂုတ်လတွင် ၇.၁၃ရာခိုင်နှုန်းခန့်တိုးတက်လာခဲ့ပြီး တစ်နှစ်လျှင် ဒေါ်လာ၂၃.၅၆ရာခိုင်နှုန်းခန့်ရှိကြောင်း အင်ဒိုနီးရှားစာရင်းအင်းအချက်အလက်များကဆိုသည်။ နှစ်စဉ် ပို့ကုန်ရငွေတိုးတက်မှုနှုန်း ၃.၈၃ခန့်ရှိသည်ဟု ယခင်လကထုတ်ပြန်ချက်များအရသိရသည်။ ဩဂုတ်လပို့ကုန်တိုးတက်မှုသည် ၂၀၂၃ခုနှစ်၊ဇန်နဝါရီလမှစ၍ အလျင်မြန်ဆုံးနှုန်းဖြင့် တိုးတက်ခဲ့သည်ဟု LSEG ၏ အချက်အလက်များအရသိရသည်။သွင်းကုန်တန်ဖိုးမှာ ဘီလျံ ၂၀.၆၇ရာခိုင်နှုန်းခန့်ဖြစ်ရာ ယခင်နှစ်ထက် ၉.၄၆ရာခိုင်နှုန်းတိုးလာပြီး စစ်တမ်း၏ခန့်မှန်းချက်ထက် ၈.၁၅ရာခိုင်နှုန်းတိုးလာမည်ဟုလည်းခန့်မှန်းထားသည်။ ကုန်တင်ပို့မှုပြန်ရငွေမှာ ကိုဗစ်ကာလအလွန်တွင် ကုန်စည်ဈေးနှုန်းများမြင့်တက်လာခဲ့ပြီး ပို့ကုန်တန်ဖိုးများလျော့ကျမှုများရှိခဲ့သော်လည်း နိုင်ငံမှတင်ပို့မှာ ဧပြီလမှစ၍ နှစ်စဉ်လစဉ်အလိုက် မြင့်တက်လျက်ရှိသည်။ မျှော်လင့်ထားသည်ထက် ပိုမိုများပြားနေသော်လည်း အမေရိကန်၏အတိုးနှုန်းကို ဖြတ်တောက်ရန်အတွက် FEDERAL REVERSE ၏ BI အတွက် မျော်မှန်းချက်များနှင့် တချို့သော စီးပွားရေးပညာရှင်များက တည်ငြိမ်မှုကို ဦးစားပေးလိုသည့် မူဝါဒချမှတ်သူများက ယခင်မှတ်ချက်များကြောင့် BI အနေဖြင့် ဆက်လက်ရပ်တည်ရန် မျှော်လင့်ထားသည်။ ကုန်သွယ်မှုပိုငွေပိုမိုရရှိလာလေ BI အတိုးနှုန်းကို ဖြတ်တောက်ရန်အတွက် ယုံကြည်မှုပိုရှိလာလေဟု အင်ဒိုနိးရှားစီးပွားရေးပညာရှင် Myrdal Gunarto ကဆိုသည်။ သို့သော် BI ၏ ထုတ်ပြန်ထားသောအချက်အလက်များပေါ် အခြေခံပြီး မက်ခရိုစီးပွားရေးတည်ငြိမ်မှုရှိသည်ဟုခန့်မှန်းထားပြိး BI အနေဖြင့် စီးပွားရေးတိုးတက်မှုနှုန်း ၆.၂၅ရာခိုင်နှုန်းကိုထိန်းညှိရန် အထူးသဖြင့် မနက်ဖန်တွင်ကျင်းပမည့် FED မှ ဦးဆောင်သော အကြီးကဲ၏ အစည်းအဝေးကအဆုံးဖြတ်ပေးနိုင်မည်ဖြစ်ကြောင်း ၄င်းကဆိုသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့မှ တင်ပို့ငွေများမှာ ယခင်လက ကျဆင်းခဲ့သော်လည်း ကုန်စည်တင်ပို့မှုအနေဖြင့်မူး ၈.၇ရာခိုင်နှုန်းခန့်တိုးတက်မှုရှိခဲ့သည်။ ဩဂုတ်လတိုးတက်မှုဇယားအရ နှစ်စဉ်ကျောက်မီးသွေးတင်ပို့ငွေမှာ ၂.၄၇ရာခိုင်နှုန်းခန့်ဖြစ်ပြီး ဩဂုတ်လအတွင်း ၉.၇ရာခိုင်နှုန်းခန့်တိုးတက်လာကြောင်းသိရသည်။
သွင်းကုန်တင်သွင်းမှုအနေဖြင့်လည်း သွင်းကုန်၏ အဓိကကုန်စည်များဖြစ်သော ကုန်ကြမ်းနှင့် အခြားသွင်းကုန်များတင်သွင်းမှုသည် ယခင်လထက် ၁၁ရာခိုင်နှုန်းပိုမိုလာသည်ဟု စစ်တမ်းများကဖော်ပြသည်။
SOURCE-REUTERS
DOCA(မန္တလေး)