ဖြူးမြို့နယ် မူ/လွန် ဝဲဒေါင့်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် ဗဟုသုတများ အသိပညာပေးဟောပြောပွဲများကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ်၊ ဝဲဒေါင့်ကျေးရွာ အခြေခံပညာ မူလတန်းလွန် ကျောင်း၌ ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန  ဖြူးမြို့နယ်တာဝန်ခံရုံးမှ ဌာနခွဲစာရေး ဒေါ်ပပလင်းက စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

     ဟောပြောပွဲများတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ ဌာနခွဲစာရေး ဒေါ်ပပလင်းက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ဦးစီးဌာနမှ ဆောင်ရွက်ချက်များ၊ ကုန်စည်များဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားသော ကုန်စည်များကိုသာ ဝယ်ယူသုံးစွဲရန်အရေးကြီးပုံများကို အသိပညာပေး ဟောပြောခဲ့ပါသည်။

    ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူး ဒေါ်အိမာဟိန်းက စာဖတ်ခြင်း၏အကျိုးကျေးဇူးနှင့် လူငယ်ရေးရာဆိုင်ရာအသိပညာပေး ဟော​ပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းသား ကျောင်းသူ  ၁၂၀ ဦး၊ ဆရာ/ဆရာမ(၄၇)ဦး တက်ရောက်ကြောင်း သိရပါသည်။

DOCA(ပဲခူး)