ထားဝယ်မြို့သို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှရောင်းချမည့် စားအုန်းဆီများ‌ရောက်ရှိ

Powered by Drupal

          ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်‌နေ့၊ နံနက် ၀၉း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ‌ဟိုင်းဝေးစတားယာဉ်ရပ်နားစခန်းသို့  မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏စီစဥ်မှုဖြင့် Mahar Phone Let Yone ကုမ္ပဏီမှ တင်ပို့ရောင်းချသည့် စားအုန်းဆီတစ်ပေပါ ၁၁၀ပိဿာပါ စားအုန်းဆီ (၆၀) ပေပါကို ယာဥ်မောင်း  ဦးမျိုးဇော်ဝင်း၊ ယာဥ်အမှတ် 7P-7112/ ISUZU အမျိုးအစားမော်တော်ယာဥ်ဖြင့် ရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အေးအေးလွင်(ဦးစီးအရာရှိ)နှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါစားအုန်းဆီ (၆၀) ပေပါအား ကုမ္ပဏီ၏ လက်ကားအရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင်ကုန်စုံဆိုင်အပါအဝင် အထိုင်ရောင်းချနေသည့် လက်လီဆိုင် ၁၅ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း စားသုံးသူပြည်သူများသို့ ခွဲဝေရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)