ထားဝယ်မြို့ရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများသည် မိမိတို့နေအိမ်ခြံဝင်းအတွင်း သီးပင်၊ စားပင်းများစိုက်ပျိုးထားလျက်ရှိရာ ပဲတောင့်ရှည်(တိုင်ထောင်ပဲ)များကိုလည်း စိုက်ပျိုးထားပါသည်။ ပဲတောင့်ရှည်(တိုင်ထောင်ပဲ)များကို မြေဆီလွှာအမျိုးမျိုးတွင် စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီးအချိန်မှစ၍ (၃၅) ရက်ခန့်တွင် ပန်းများဖူးပွင့်လာပြီး (၁၀)ရက်အကြာတွင် စတင်ဆွတ်ခူးနိုင်ပါသည်။ ဆွတ်ခူးပြီးသော ပဲတောင့်ရှည်များကို စည်ပင်သာယာဈေးကြီးအတွင်း ရောင်းချကြပါသည်။
ပဲတောင့်ရှည် အတောင့်(၅၀)ပါ (၁)စည်းလျှင် ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်အတွင်းရှိပြီး (၁၀)တောင့်ပါ (၁)စည်းလျှင် ၈၀၀ကျပ်မှ ၁၀၀၀ကျပ်ခန့်ရှိကြောင်းသိရပါသည်။ သို့ပါ၍ ယခင်နှစ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းမြင့်တက်လျက်ရှိပြီး တောင်သူများတွက်ချေကိုက်လျက်ရှိကြောင်းသိရပါသည်။
DOCA(တနင်္သာရီ)