
မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနရှိ ခေတ္တခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ စားသုံးသူများဘေးအန္တရာယ်ကင်းစေ ရန်အတွက် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့၊ နံနက်(၀၉း၃၀)အချိန်တွင် မြိတ်မြို့ရှိ စားသောက်ကုန်မျိုးစုံအရောင်းဆိုင်များသို့ အသင့်စားခေါက်ဆွဲခြောက်နှင့် ကြာဇံများအား စျေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားများစစ်ဆေးခဲ့ပြီး ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် သက်တမ်းလွန် စားသောက်ကုန်များ ရောင်းချခြင်းမပြုစေရန် ပြောကြားခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။
DOCA(တနင်္သာရီ)