မြောင်းမြခရိုင် လပွတ္တာမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် လပွတ္တာမြို့နယ် တာဝန်ခံ ဦးမြင့်ဌေးနှင့်   ဝန်ထမ်းများသည် (၁၈.၉.၂၀၂၄) ရက်နေ့၊ ညနေ (၁၈:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ် ဆီကိုယ်စားလှယ်များသို့  ရန်ကုန်မြို့ရှိ Preminum Capital Co.Ltd မှထုတ်ယူခဲ့သော ယာဉ်အမှတ် 4G-7022 မော်တော်ယာဉ်ဖြင့်စားအုန်းဆီ   (၂၃)ပေပါ (သို့) ပိဿာ ၂၅၃၀နှင့် Golden Upstart Co.Ltd မှထုတ်ယူခဲ့ သောယာဉ်အမှတ် 3M-1493 မော်တော်ယာဉ်ဖြင့်စားအုန်းဆီ (၁၄)ပေပါ (သို့) ပိဿာ ၁၅၄၀ သည် လပွတ္တာမြို့သို့ ရောက်ရှိလာခဲ့ကြောင်း စားအုန်းဆီကိုယ်စားလှယ်များထံမှသိရှိရပါသည်။

    အဆိုပါရောက်ရှိလာသောစားအုန်းဆီများကို မြောင်းမြခရိုင် လပွတ္တာမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ   မြို့နယ်တာဝန်ခံက သွားရောက်စစ်ဆေးခဲ့ပြီး ရောက်ရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင် ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက္ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသောကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)