ပါကစ္စတန်နိုင်ငံသည် ရာသီဥတုအခြေအနေ၊ လယ်ယာသွင်းအားစုရရှိမှုနှင့် ဘာစမာတီမဟုတ်သော အိန္ဒိယဆန်တင်ပို့မှုပိတ်ပင်ထားခြင်းတို့ကြောင့် ပထမဆုံးအကြိမ်အဖြစ် ဆန်တင်ပို့ မှုမှာ အမေရိကန်ဒေါ်လာ ၃.၈၉ဘီလီယံအထိရှိလာခဲ့ကြောင်းသိရသည်။
ပါကစ္စတန်ဆန်တင်ပို့သူများအသင်း (Reap) တည်ထောင်သူ Shehzad Ali Malik က Reap ဥက္ကဋ္ဌအသစ် Milik Faisal Jahangir အား တနင်္လာနေ့က ရွေးကောက်ပွဲကြေညာနေစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
နုတ်ထွက် အကြီးတန်းဥက္ကဋ္ဌ Haseeb Khan၊ Reap နာယက Pir Syed Nazim Shah၊ ဥက္ကဋ္ဌဟောင်း Shahjahan Malik နှင့် အခြားသူများလည်းတက်ရောက်ခဲ့ကြသည်။ ၂၀၂၃ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၄ခုနှစ်၊ ဇွန်လအတွင်း ဘာစမာတီနှင့် ဘာစမာတီမဟုတ်သော ဆန်တန်ချိန် ၅.၈သန်းကျော်တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃.၈၉ဘီလီယံရရှိကာ Reap ဥက္ကဋ္ဌအသစ်သည် တစ်နှစ်လျှင် ဒေါ်လာ ၅ဘီလီယံအထိရရှိရန် ဟူသောဆန်တင်ပို့မှုရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ရန် မျှော်လင့်ထားကြောင်း မာလစ်ကပြောကြားခဲ့သည်။ ၎င်းရည်မှန်းချက်အားအကောင်အထည်ဖော်ရန် Mr Jahangri မှ မျိုးစေ့သုတေသနနှင့် စိုက်ပျိုးရေးအလေ့ကျင့်ကောင်းများကို အာရုံစိုက်လုပ်ဆောင်သွားမည်ဟုပြောကြားသွားခဲ့သည်။
အဖွဲ့ဝင် ၁၀ဦးပါဝင်သော စီမံခန့်ခွဲရေးကော်မတီကိုလည်း ကန့်ကွက်သူမရှိဘဲ ရွေးချယ်တင်မြောက်ကြောင်းလည်းကြေညာခဲ့သည်။ ရွေးချယ်ခံရသော အဖွဲ့ဝင်များတွင် Chaudhry Shafique၊ Shahjahan Malik၊ Mamar Mandahar၊ Ms Sheharaz၊ Adnan Sheikh၊ Tayyab Bashir၊ Taeia Mehmand၊ Irfan Noor၊ Ishfaq Ali နှင့် Waqar Ahmad တို့ပါဝင်ကြောင်းသိရပါသည်။
SOURCE: dawn
DOCA(ရန်ကုန်)