မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်မှ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်ရှိ တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည်  (၁၈.၉.၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်များ အသင်းဥက္ကဌဦးသန်းမင်းထွန်း၏ ဆန်စက်ရုံးခန်းတွင်တွေ့ဆုံ၍ ဆန်ရောင်းချနေမှု အခြေအနေအား ဆွေးနွေးခဲ့ပါသည်။

    ထိုသို့ဆွေးနွေးဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်တာဝန်ခံမှ ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် ဆန်များကိုကြိတ်ခွဲပြီး သင့်တင့်သောဈေးဖြင့်ရောင်းချရန်၊ လက်လီ/လက္ကားဝယ်ယူသူများကိုလည်း ဈေးနှုန်းချို သာစွာဖြင့်ရောင်းချပေးရန်၊ ရန်ကုန်နှင့် အညာဒေသများကိုလည်း တင်ပို့ရောင်းချနိုင်ရန်၊ ‌ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ၂၀၂၄-၂၀၂၅ ခုနှစ်အတွက်ဆန်ရောင်းဝယ်ရေးကိုလည်း ယခင်ဆောင်ရွက်နေသည့်အတိုင်း     ဆက်လက်ဆောင်ရွက်ပြီး ဈေးနှုန်းအပြောင်းအလဲများကိုလည်း သက်ဆိုင်ရာ များသို့ သတင်းပို့တင်ပြရန်လိုအပ်ကြောင်း ဆန်အရောင်းအဝယ်ဈေးနှုန်းများမှာ တည်ငြိမ်မှု မရှိသည့်အတွက် ဆန်ဈေးနှုန်းများ အတက်အကျအလိုက် ဈေးနှုန်းမှန်ကန်စွာရောင်းချပေးရန် လိုအပ်ကြောင်း သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချကြရန်၊     ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ဧရာဝတီ)