ကမ္ဘောဒီးယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) မှ ဝန်ကြီးချုပ်ယွန်မာနက်၏ ဦးဆောင်မှုဖြင့် ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) သည် တစ်နှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံမှုမတည်ငွေ ကန်ဒေါ်လာ ၇.၅ဘီလီယံကိုဆွဲဆောင်နိုင်ခဲ့ပြီး ယခင်အစိုးရလက်ထက် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၆၁% မြင့်တက်လာကြောင်းသိရသည်။
CDC ၏ ကမ္ဘောဒီးယားရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (CIB) ၏ အထွေထွေအတွင်းရေးမှူးချုပ် Chea Vuthy သည် စက်တင်ဘာလ ၁၃ရက်နေ့က မြို့တော်၌ ကနေဒါနိုင်ငံ အင်ဒို-ပစိဖိတ် ကုန်သွယ်ရေးကိုယ်စားလှယ် Paual Thoppil ဦးဆောင်သော ကနေဒါနိုင်ငံတကာကုန်သွယ်မှုကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံစဉ် ယင်းကဲ့သို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ ကနေဒါ နိုင်ငံတကာကုန်သွယ်မှုကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားတွင် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိုစူးစမ်းလေ့လာရန်ဖြစ်သည်။ အထူးသဖြင့် ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအပေါ် အာရုံစိုက်ကာ CDC ၏ဖွဲ့စည်းပုံနှင့် အခန်းကဏ္ဍများကို အကျဉ်းချုံးဖော်ပြခဲ့ပြီး အလားလာရှိသောအခွင့်လမ်းများနှင့် နိုင်ငံတော်၏ နှစ်သက်ဖွယ်ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် စည်းမျဉ်းများကို အလေးပေးဖော်ပြခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုအခွင့်လမ်းများနှင့် အလားလာရှိသော ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်ရန် ကမ္ဘောဒီးယား ဒုတိယဥက္ကဋ္ဌ Sun Chanthol ဦးဆောင့်သည့် ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၆ရက်နေ့တွင် ကနေဒါနိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း CIB အတွင်းရေးမှူးက ပြောကြားခဲ့သည်။ အစိုးရအသစ်တက်လာပြီးချိန်မှစ၍ ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) များတိုးမြင့်လာမှုမှာ သိသာထင်ရှားလာခဲ့ကြောင်းသိရပါသည်။
Source : Khmer Times KH
DOCA(ရန်ကုန်)