ဗီယက်နမ် ရွှေဈေးနှုန်းများသည် ဇွန်လ ၁ရက်နေ့မှအစပြု၍ စက်တင်ဘာလ ၁၆ရက်နေ့အထိ ၁ tael (ရွှေ ၁ tael သည် တရုတ်နှင့် ဂျပန်တို့တွင် ငွေကြေးအဖြစ် အသုံးပြုခဲ့သည့် ရှေးဟောင်းအလေးချိန်ယူနစ်ဖြစ်ပြီး ၃၇.၅ဂရမ် (သို့မဟုတ်) (၁.၂ ထရွိင်အောင်စယူနစ်နှင့်ညီမျှသည်။) လျှင် VND ၈၂သန်း (အမေရိကန်ဒေါ်လာ၃၃၃၅.၃၇ ) သို့ ၁.၈၆ % သို့ ခုန်တက်သွားခဲ့ပြီး ကမ္ဘာ့နှုန်းထားများ၏ အထွတ်အထိပ်သို့ ရောက်ရှိကြောင်းသိရသည်။ ရွှေဂွင်းဈေးနှုန်းများမှာ ၁ tael လျှင် VND ၇၉.၂ သန်းဖြင့် တည်ငြိမ်လျက်ရှိသည်။
. အားနည်းသောဒေါ်လာဈေးနှုန်းနှင့် Fed ၏ ကြီးမားသောအတိုးနှုန်းလျှော့ချရေးအလားလာတို့ကြောင့် တနင်္လာနေ့တွင် ရွှေဈေးနှုန်းများသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ၂၅၈၉.၆သို့မြင့်တက်လာခဲ့ကြောင်း Reufers သတင်းတွင် ဖော်ပြထားသည်။
Goldman Sachs သည် ယခုသီတင်းပတ်အတွင်း ၎င်း၏ မူဝါဒအစည်းအဝေးတွင် ဗဟိုဘဏ်၏ ဝယ်လိုအားနှင့် US Federal Reserve မှ အတိုးနှုန်းလျော့ချခြင်းကိုကိုးကား၍ တနင်္လာနေ့က ၎င်း၏ရွှေဈေးနှုန်းအပေါ် အကောင်းမြင်သောအမြင်ဖြင့် ထမ်လောင်းပြောကြားခဲ့သည်။
Saigon Jawelry Company (SJC) မှ ရွှေ ၁ tael လျှင် ရောင်းသူများအတွက် VND သန်း၈၀နှင့် ဝယ်သူများအတွက် VND ၈၂သန်းရှိကြောင်း စာရင်းပြုစုခဲ့သည်။ ဈေးနှုန်းများသည် လွန်ခဲ့သောရက်များနှင့်နှိုင်းယှဉ်ပါက VND ၁.၅ သန်း(၆၁ဒေါ်လာ) သို့ တက်လာခဲ့ကြောင်းသိရပါသည်။
Source : vnexpress
DOCA(ရန်ကုန်)