ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့အကြား သွင်းကုန်/ပို့ကုန်တန်ဖိုးသည် ယခုနှစ် ပထမရှစ်လအတွင်း အမေရိကန်ဒေါ်လာ ၁၃၀.၈ဘီလီယံနီးပါးရောက်ရှိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာန ၏ နောက်ဆုံးရစာရင်းများအရသိရသည်။ ၎င်းတို့အနက် ဗီယက်နမ်၏ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၈.၂၈ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၃.၉% မြင့်တက်လာခဲ့သည်။ ဗီယက်နမ်တင်ပို့မှုတွင် ကုန်ပစ္စည်းတစ်ခုလျှင် ၁ဘီလီယံကျော်တန်ဖိုးရှိသော ကုန်ပစ္စည်း ၁၀မျိုးပါဝင်ပြီး ၎င်းတို့မှာ ဖုန်းများနှင့် ကင်မရာအစိတ်အပိုင်းများ၊ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ၊ စက်ပစ္စည်းများ၊ ပစ္စည်းကိရိယာများ၊ စက်ပြုပြင်ရေးကိရိယာများနှင့် အပိုပစ္စည်းများပါဝင်သည်။
တစ်ချိန်တည်းတွင် ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံမှ ဒေါ်လာ ၉၂.၅ဘီလီယံတန်ဖိုးရှိသော ကုန်ပစ္စည်းများကိုတင်သွင်းခဲ့ပြီး ယမန်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃၄.၂၅ % တိုးတက်ခဲ့ကြောင်းသိရသည်။ ရလဒ်အနေဖြင့်ဗီယက်နမ်သည် ပြန်လည်သုံးသပ်ကာလတွင် တရုတ်နှင့် ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ ၅၄.၂၂ဘီလီယံရှိပြီး ၂၀၂၃ ကိန်းဂဏန်းထက် ဒေါ်လာ ၅ဘီလီယံကျော်လွန်ခဲ့သည်။
တရုတ်ဈေးကွက်မှ ဗီယက်နမ်သို့တင်သွင်းသော ကုန်ပစ္စည်များမှာ စက်ယန္တရားများ၊ စက်ကိရိယာများ၊ ဓာတုဗေဒပစ္စည်းများနှင့် ဓာတုဗေဒထုတ်ကုန်ပစ္စည်းများ၊ ပလတ်စတစ်အမျိုးအစားအားလုံးနှင့် ပလတ်စတစ်ထုတ်ကုန်ပစ္စည်းများ၊ အထည်လိပ်ပစ္စည်းများ၊ လဲသာနှင့်ဖိနပ်၊ သံနှင့်သံမဏိ၊ ဆောက်လုပ်ရေးပစ္စည်းများကဲ့သို့သော အဓိကထုတ်ကုန်များနှင့် ကုန်ကြမ်းပစ္စည်းများဖြစ်သည်။
မကြာသေးမီနှစ်များအတွင်း ကမ္ဘာ့ကုန်သွယ်ရေးနှေးကွေးနေသော်လည်း တရုတ်နှင့် ဗီယက်နမ်၏ ပို့ကုန်သွင်းကုန်တိုးတက်မှုသည် တောက်ပသောအစက်အပြောက်တစ်ခုအဖြစ် ဆက်လက်တည်ရှိနေခဲ့သည်။ လက်ရှိတွင် တရုတ်နိုင်ငံသည် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း အမေရိကန်ဒေါ်လာ ၁၀၀ဘီလီယံကျော် ဗီယက်နမ်နှင့်နှစ်လမ်းကုန်သွယ်မှုရှိသော ပထမဆုံးဈေးကွက်ဖြစ်သည်။ နှစ်နိုင်ငံအကြားကုန်သွယ်မှုသည် ပျမ်းမျှတစ်လလျှင် ဒေါ်လာ ၁၆ဘီလီယံခန့်ရှိသည်။ ၂၀၂၄ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ကုန်သွယ်မှုအားကောင်းလာသည်နှင့်အမျှ ဗီယက်နမ်နှင့်တရုတ်ကုန်သွယ်မှုသည် ဒေါ်လာ ၂၀၀ဘီလီယံအထိရှိလာလိမ့်မည်ဟု ခန့်မှန်းထားကြကြောင်းသိရသည်။
SOURCE: vnexpress
DOCA(ရန်ကုန်)