
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်အတွင်းရှိ မယ်ဇလီတောကျေးရွာတွင် တောင်သူ(၇၀)ဦးအနေဖြင့် ပဲစင်းငုံသီးနှံစိုက်ဧက (၁၅၀)ဧကကို ၂၀၂၄ခုနှစ်၊ ဇွန်လတွင် မိုးနှမ်းနှင့်အတူ ရော၍ သီးညှပ်အဖြစ်စိုက်ပျိုးထားကြောင်းသိရသည်။
မယ်ဇလီတောကျေးရွာနေ တောင်သူ ဦးဝင်းသိန်းက ၎င်းအနေဖြင့် ပဲစင်းငုံသီးနှံ(၃)ဧကခွဲခန့်ကို မိုးနှမ်းနှင့်အတူ ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့်စိုက်ပျိုးပြီး (၁)ဧကလျှင် မျိုး ၁ပြည်မှ ၂ပြည်ထိကုန်ကျကြောင်း၊ ယခင်နှစ် စိုက်ခင်းမှထွက်ရှိသည့် ပဲစင်းငုံများကို မျိုးအဖြစ်ဖယ်ချန်၍ စိုက်ပျိုးပြီး အပင်သက်တမ်း(၆)လအကြာတွင် ရိတ်သိမ်းရကြောင်း၊ လုပ်အားခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် ကျပ်(၂)သိန်းမှ ကျပ်(၃)သိန်းထိကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်က (၁)ဧကလျှင် (၁၀)တင်းမှ (၁၅)တင်းထိထွက်ရှိခဲ့ပြီး (၁)တင်းလျှင် ကျပ်(၁၂၀၀၀၀) ဈေးရရှိခဲ့ကြောင်း၊ ဈေးကွက်အနေဖြင့် မင်းလှမြို့နှင့်မကွေးမြို့ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်းသိရှိရပါသည်။
DOCA(မကွေး)