ဆိပ်ဖြူမြို့ ပတ္တမြားဈေးတွင် အာလူးသီးနှံဈေးတက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိ

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ ကုန်စိမ်းသီးနှံဈေးကွက်သို့ နေ့စဉ် ရှမ်းပြည်နယ်၊ အောင်ပန်း၊ ဆင်ဖြူကျွန်းဒေသထွက်အာလူးများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ အာလူးကို စားဖိုဆောင်သီးနှံအဖြစ် စားသုံးမှုများကြသည့်အပြင် ဒေသတွင်းအာလူးကြော်လုပ်ငန်းများကလည်း ထုတ်လုပ်ရောင်းချမှုရှိသည့်အတွက် အာလူးသီးနှံမှာ အရောင်းအဝယ်ကောင်းလျက်ရှိကြောင်း ဈေးကွက်မှသိရှိရသည်။

      ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(တတိယပတ်)တွင် အာလူးအလုံးအရွယ်အစားနှင့် အရည်အသွေးကိုလိုက်၍ ဆင်ဖြူကျွန်းအာလူးတစ်ပိဿာလျှင် ကျပ်(၅၅၀၀-၃၅၀၀)၊ ရှမ်းပြည်နယ် (အောင်ပန်း)အာလူးတစ်ပိဿာလျှင် ကျပ်(၆၀၀၀-၃၀၀၀) ဈေးဖြင့်အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခင်စက်တင်ဘာလ(ဒုတိယပတ်)ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက အာလူးတစ်ပိဿာလျှင် ကျပ်(၁၅၀၀)ခန့်ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မိုးတွင်းကာလဖြစ်၍ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ဈေးကွက်သို့ ကုန်ဝင်ရောက်မှုနည်း၍ ဈေးတက်ရ ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)