ကျိုက်ထိုမြို့နယ်တွင် ဓာတ်မြေဩဇာဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ၁၈.၉.၂၀၂၄ ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီအချိန်တွင် ကျိုက်ထိုမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များသည် ကျိုက်ထိုမြို့နယ်ရှိ  မြေဩဇာအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ယူရီးယားဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဓာတ်မြေဩဇာအရောင်းဆိုင်များတွင် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်း ရှိ/မရှိ၊ ဓာတ်မြေဩဇာရည်ညွှန်းဈေးနှုန်းအပေါ် ဖြစ်သင့်ဖြစ်ထိုက်သင့်သော အကျိုးအမြတ်ယူ၍သာ ရောင်းချပေးခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ရည်ညွှန်းဈေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့်သာ ရောင်းချလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။

DOCA(မွန်)