
၁၇.၉.၂၀၂၄ ရက်နေ့တွင် ချောင်းဆုံမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှကျင်းပပြုလုပ်သည့် “သီးနှံစိုက်စွမ်းအားတိုးတက်ရေး” အစည်းအဝေးသို့ စားသုံးသူရေးရာဦးစီးဌာန၊ ချောင်းဆုံမြို့နယ် တာဝန်ခံမှ တက်ရောက်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ချောင်းဆုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်လွင်က ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးပြီးစီးမှုနှင့် ရိတ်သိမ်းမည့်အစီအစဉ်၊ ဆောင်းဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်မည့်အစီအစဉ်နှင့် သီးနှံစိုက်စွမ်းအားတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များ၊ မိုးစပါးမျိုးကွဲအလိုက် စိုက်ပျိုး ပြီးစီးမှုအခြေအနေ၊ မိုးစပါးသက်တမ်းအရ လအလိုက်စိုက်ပျိုးပြီးစီးမှုအခြေအနေ၊ မိုးစပါး ရေမြေ အခြေခံအရစိုက်ပျိုးပြီးစီးမှုအခြေအနေ၊ မိုးစပါးစိုက်စနစ်အလိုက် စိုက်ပျိုးပြီးစီးမှုအခြေအနေများ အား Power Point ဖြင့် ရှင်းလင်းခဲ့ပြီးနောက် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးနှံစိုက်စွမ်းအားတိုးတက်ရေးနှင့် စားဆီဖူလုံစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မွန်)