ဘီးလင်းမြို့နယ်တွင် ဆန်ဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    ၁၈.၉.၂၀၂၄ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဘီးလင်းမြို့နယ်ရှိ ဆန်ဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဘီးလင်းမြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်းမှ ဆန်ဂိုဒေါင်များနှင့် ဆန်ဆိုင်ကြီးများ၌ ဆန်အမျိုးအစားအလိုက် ရောင်းချနေသောဈေးနှုန်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချရန် အလို့ငှာ၊ ဆန်များ သိုလှောင်ထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ရာ ဆန်ဈေးနှုန်းများမှာ ရည်ညွှန်းဈေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့်သာ ရောင်းချလက်ရှိကြောင်း၊ ဈေးနှုန်း မြှင့်တင်ရောင်းချရန်အလို့ငှာ ဆန်များ သိုလှောင်ထားခြင်း မရှိကြောင်း သိရှိရပါသည်။

DOCA(မွန်)