
၁၉.၉.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူး၊ မော်လမြိုင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ ဇာနည်သျှမ်းဆေးဆိုင်နှင့် အောက်လမ်းမကြီး လမ်းဘေးဝဲယာရှိ ဆေးဆိုင်များအား ဆေးနှင့်ဆေးပစ္စည်းဈေးနှုန်းများ မြှင့်တင်ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ အဆိုပါဆေးဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းများမှာ ဈေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းချခြင်း မရှိကြောင်း၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့်သာ ရောင်းချခြင်းလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။
DOCA(မွန်)