
၁၈.၉.၂၀၂၄ ရက်နေ့တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်း ကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဘီးလင်းမြို့၊ အ.ထ.က (ကန်သာယာ) ကျောင်းမဟော်သဓာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ သင်တန်းဖွင့်ပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံတက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ဘီးလင်းမြို့နယ် သန်းခေါင်စာရင်း ကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူအောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဘီးလင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးခင်မောင်မှ အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ သန်းခေါင်စာရင်း ကောက်ယူမည့် လုပ်ငန်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို စက်တင်ဘာ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ စာတွေ့၊ လက်တွေ့ပြင်သင်တန်းနည်းပြ ဆရာ၊ ဆရာမ(၁၀) ဦးတို့က သင်တန်းသား၊ သင်တန်းသူ (၁၂၈) ဦးတို့အား ၁၀ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)