ထားဝယ်မြို့၊ ရွှေထားဝယ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းဟောပြောဆွေးနွေးခြင်း

Powered by Drupal

    ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့၊ နေ့လယ် (၁၄း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံအရာရှိနှင့်ဝန်ထမ်းများသည် ထားဝယ်မြို့၊ ရွှေထားဝယ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် ‌ရွှေထားဝယ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူ‌ရေးရာဦးစီးဌာနမှ‌ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ အွန်လိုင်းဈေးဝယ်ယူရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်အလက်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများနှင့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်း စရာ များအကြောင်း ဟောပြောခြင်းနှင့် မေးခွန်းများ မေးမြန်းခဲ့ကာ အမှတ်တရ ဆုလက်ဆောင်များ ချီးမြှင့်ခဲ့ပြီး ဟောပြောပွဲအား ညနေ(၁၅း၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)