ထားဝယ်မြို့၊ MAB Bank မှဝန်ထမ်းများအား စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းဟောပြောဆွေးနွေးခြင်း

Powered by Drupal

     ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့၊ နေ့လယ် (၁၃း၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ တိုင်းဒေသကြီး ဦးစီးမှူုးရုံး၊  အစည်းအဝေးခန်းမတွင် MAB Bank မှ ဒုတိယဘဏ် မန်နေဂျာနှင့် ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါ ဟောပြောဆွေးနွေးရာတွင် စားသုံးသူ‌ရေးရာဦးစီးဌာနမှ‌ ဦးစီးအရာရှိ ဒေါ်အေးအေးလွင်မှ စားသုံးသူ၏ အဓိပ္ပာယ်နှင့် အခွင့်အရေးများ၊ တာဝန်များနှင့် စားသုံးသူနစ်နာဆုံးရှုံးမှုများ ရှိလာပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းဝယ်မှုနှင့်ပတ်သက်၍ မှတ်ပုံတင်လျှောက်ထားဆောင်ရွက်ရမည့်အချက်များနှင့် အခြားသိကောင်းစရာများကြောင်း ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(တနင်္သာရီ)