![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/25.6_6.jpg?itok=YtwJK-l7)
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့၊ နံနက်(၀၉း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရတနာဦးကားဂိတ်ယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စီစဥ်မှုဖြင့် Kaung Hlyan New Asia ကုမ္ပဏီမှ တင်ပို့ရောင်းချသည့် တစ်ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ ၈၆ ပေပါကို ယာဥ်မောင်း ဦးအောင်မျိုးဟိန်း၊ မော်တော်ယာဥ်အမှတ် 7J-2781/ ISUZU အမျိုးအစား မော်တော်ယာဥ်ဖြင့်လည်းကောင်း နေ့ ၉း၃၀ အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်၊ ရေးလမ်းရှိ ရတနာဦးကားဂိတ်ယာဉ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စီစဥ်မှုဖြင့် Maha Phone Let Yone ကုမ္ပဏီမှ တင်ပို့ရောင်းချသည့် တစ်ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ ၆၀ ပေပါကို ယာဥ်မောင်း ဦးယဥ်ထွေး၊ မော်တော် ယာဥ်အမှတ် 9K-7917/ Nissan Diesel အမျိုးအစား မော်တော်ယာဥ်တို့ဖြင့် ရောက်ရှိလာရာ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ပြီး အဆိုပါ စားအုန်းဆီ စုစုပေါင်း ၁၃၈ ပေပါအား ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်၊ နိဗ္ဗာန်လမ်းရှိ ဦးဘိုသစ်၏ ယမုံလှိုင် ကုန်စုံဆိုင်အပါအဝင် အထိုင် ရောင်းချနေသည့် လက်လီဆိုင် ၁၅ ဆိုင်တို့မှ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း စားသုံးသူပြည်သူများသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)