ကန့်ဘလူမြို့၌ ဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥ၊ ငုံးဥ ဈေးနှုန်းများ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသည့် ကြက်ဥ၊ ဘဲဥများမှာ ဒေသတွင်းကြက်ခြံ၊ ဘဲခြံများမှ ဝယ်ယူရောင်းချလျက်ရှိပြီး၊ လိုအပ်ချက်အရ မန္တလေးမှလည်း ဝယ်ယူရောင်းချကြောင်း သိရသည်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ တတိယပတ် အတွင်း ဖြစ်ပေါ်နေသော ကြက်ဥ၊ ဘဲဥဈေးနှုန်းများမှာ ကြက်ဥကြီးတစ်လုံးလျှင် (၃၈၀)ကျပ်၊ ဥလတ်တစ်လုံးလျှင်(၃၅၀)ကျပ် ၊ ဥသေးတစ်လုံးလျှင်(၃၀၀)ကျပ်နှင့် ဘဲဥကြီးတစ်လုံးလျှင် (၆၀၀) ကျပ်၊ ဥသေးတစ်လုံးလျှင်(၅၅၀)ကျပ်၊ ငုံးဥ(၁၀)လုံးလျှင် (၁၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လကာလတူဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများထက် အနည်းငယ်ကျဆင်းသွားကြောင်း ကြက်ဥ၊ ဘဲဥ၊ ငုံးဥများကို စားသောက်ဆိုင်များ၊ မုန့်လုပ်ငန်းများတွင် အများဆုံးအသုံးပြုကြပြီး အိမ်ရှင်မများမှ မိသားစုထမင်းဝိုင်းအတွက် ဟင်းလျာအဖြစ်ချက်ပြုတ်ရာတွင်လည်း အသုံးပြုကြကြောင်း  ကန့်ဘလူမြို့မဈေးအတွင်းရှိ ဈေးသည်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)