မကွေးမြို့ပေါ်ရှိ ဈေးများတွင် ရာသီစာမျှစ်များထွက်ပေါ်၍ ဈေးကောင်းရနေ

Powered by Drupal

   မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ကန်သာဈေး၊ မြို့မဈေး၊ ရန်ပယ်ဈေးနှင့် ရန်ကင်းဈေးများတွင် သဘာဝအလျှောက်ပေါက်ရောက်ပြီး မိုးရာသီတွင် ထွက်ပေါ်သည့်မျှစ်များ အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

     မကွေးမြို့ပေါ်ရှိဈေးများသို့ ဒေသတွင်းမှထွက်ရှိသည့်မျှစ်များ နေ့စဉ် ကုန်ချိန် (၅၀၀၀-၇၀၀၀)ခန့် ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)အတွင်း မျှစ်ပြုတ် တစ်ပိဿာလျှင် ကျပ်(၄၀၀၀-၅၀၀၀)၊ မျှစ်ချဉ် တစ်ပိဿာလျှင် ကျပ် (၄၀၀၀-၄၅၀၀)၊ မျှစ်ရေစိမ်ကျ တစ်ပိဿာလျှင် ကျပ်(၅၀၀၀-၆၀၀၀)ဖြင့် နေ့စဉ်အရောင်းအဝယ်ဖြစ်နေကြောင်း မြို့မဈေးသည်များထံမှ သိရှိရပါသည်။

  ရာသီပေါ်ချိန်တွင် မျှစ်များ ပို၍စားကောင်းသဖြင့် အိမ်ရှင်မများမှလည်း မျှစ်များကို ကြော်ချက်၍သော်လည်းကောင်း၊ မျှစ်ထောင်းသုပ်၍သော်လည်းကောင်း၊ ငပိရည်တို့စရာအဖြစ် လည်းကောင်း အမျိုးမျိုးပြုလုပ်၍ စားသုံးလေ့ရှိကြောင်း သိရှိရပါသည်။

(DOCA)မကွေး