ပုသိမ်မြို့တွင်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဈေးကွက်

Powered by Drupal

         ပုသိမ်မြို့အတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အရောင်းအဝယ်ပြုလုပ်နေသော ဈေးကွက်တွင် ယခင်ဩဂုတ်လပိုင်း ကြံနီတံဆိပ်၊ အယ်လ်ဖာတံဆိပ် ဘိလပ်မြေဈေးနှုန်းများမှာ တစ်အိတ်လျှင် ကျပ် (၁၁၀၀၀)၊ သဲတစ်ကျင်းလျှင် ကျပ် (၁၀၀၀၀)၊ အုတ်တစ်လုံးလျှင် ကျပ် (၂၀၀) ဈေးနှင့် ထုံးတစ်အိတ်လျှင် ကျပ် (၄၅၀၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဈေးကွက်မှသိရသည်။

         စက်တင်ဘာလတွင် ကြံ့နီတံဆိပ်၊ အယ်လ်ဖာတံဆိပ် ဘိလပ်မြေတစ်အိတ်လျှင် ကျပ်၁၂၈၀၀၊ သံတစ်ကျင်းလျှင် ကျပ်၂၀၀၀၀၊ အုတ်တစ်လုံးလျှင် ကျပ်၂၅၀နှင့် ထုံးတစ်အိတ်လျှင် ကျပ် (၄၈၀၀) ဖြစ်သွားသည့်အတွက် ဩဂုတ်လဈေးနှုန်းနှင့် စက်တင်ဘာလဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ဘိလပ်မြေတစ်အိတ်လျှင် ကျပ် (၂၈၀၀)၊ သဲတစ်ကျင်းလျှင် ကျပ် (၁၀၀၀၀)၊ အုတ်တစ်ကျင်းလျှင် ကျပ် (၅၀) နှင့် ထုံးတစ်အိတ်လျှင် ကျပ် (၃၀၀) ဈေးနှုန်းဖြင့် ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း ဈေးကွက်မှသိရှိရပါသည်။

DOCA(ဧရာဝတီ)