အထက်မင်းလှမြို့၌ အာလူးဈေးနှုန်းမြင့်တက်လျက်ရှိ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ဇေယျာသီရိဈေး၌ မကွေးမြို့၊ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့နှင့် တောင်ကြီးမြို့တို့မှ အာလူးများဝင်ရောက်ပြီး ယခုအပတ်တွင်  အရောင်းအဝယ်အနေဖြင့် အေးလျက်ရှိကြောင်းသိရသည်။

          ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (တတိယပတ်)တွင် အာလူး(၁)ပိဿာလျှင် ကျပ်(၈၀၀၀)ဖြင့်ရောင်းချလျက်ရှိရာ ယခင်ပတ်နှင့်နှိုင်းယှဉ်ပါက ယခုအပတ်တွင် ကျပ်(၄၀၀၀)မြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများရှိသည့်အတွက်  သယ်ယူစရိတ်မြင့်မားလာပြီး အာလူးဈေးနှုန်းမှာ မြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)