အသိပညာပေး ဟောပြောပွဲ ကျင်းပဆောင်ရွက်ခြင်း

Powered by Drupal

    ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(ဦးစီးအရာရှိ) ဦးဆောင်၍   (၁၁-၉-၂၀၂၄) ရက်နေ့၊ နံနက်(၁၀း၃၀) အချိန်တွင် ပျဉ်းမနားမြို့ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (၂)နှင့် နေ့လယ် (၁၃း၀၀)နာရီအချိန်တွင် အမှတ်(၆၄) မူလတန်းလွန်ကျောင်းများသို့ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်းနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်းနှင့် စပ်လျဉ်း၍ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခဲ့ပါသည်။

     အဆိုပါဟောပြောပွဲ၌ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲသူအားလုံးသည် စားသုံးသူအားလုံးသည် စားသုံးသူများဖြစ်သည့် အတွက်စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ သိရှိရန် လိုအပ်ပါကြောင်း ကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရခြင်း အကြောင်းနှင့် စားသုံးဆီ(စားအုန်းဆီ)များ၏ ကျန်းမာရေးအကျိုးများနှင့် ပတ်သက်၍၊ အာဟာရအိုင်အိုဒင်း  Value အကြောင်း ပြောကြားခဲ့ပြီး လက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့ကြပါသည်။ ဟောပြောပွဲကို ဆရာ/ဆရာမ ၊ ကျောင်းသား/ကျောင်းသူ (၁၆၀) ဦး ခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)