မြိတ်မြို့တွင် စျေးနှုန်းသက်သာစွာဖြင့် အခြေခံစားကုန်များရောင်းချပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများဆောင်ရွက်

Powered by Drupal

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်အတူ ဌာနဆိုင်ရာများပူးပေါင်း၍ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ(၂၃)ရက်နေ့၊ နံနက် (၀၇း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ကန်ဖျားရပ်ကွက်ရှိ မြန့်မာ့စီးပွားရေဘဏ်ရှေ့တွင် ပင်စင်လာရောက် ထုတ်ယူသော အငြိမ်းစားဝန်ထမ်းများအား စျေးနှုန်းသက်သာစွာဖြင့်ဝယ်ယူနိုင်ရေး အခြေခံစား သောက်ကုန်များ ရောင်းချပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

    အခြေခံစားသောက်ကုန်များရောင်းချရာတွင် ဆန်၊ဆီ၊ ကြက်ဥ၊ ဆား၊ ချဉ်ပေါင်ရွက်၊ ကြက်သွန်နီ၊ ပဲခြမ်း၊ ငရုတ်သီးမုန့်၊ မန်ကျည်းသီးတို့အား ရောင်းချခဲ့ပြီး ကျန်းမာရေးဦးစီးဌာနမှ အငြိမ်းစားဝန်ထမ်းများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(တနင်္သာရီ)