သထုံမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများ “Talk Show” ဆွေးနွေးပွဲပြုလုပ်

Powered by Drupal

    မွန်ပြည်နယ်၊ သထုံခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒုတိယဦးစီးမှူး ဦးထိန်လင်းထွန်းမှ (၂၀.၉.၂၀၂၄) ရက်နေ့တွင် သထုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာများ “Talk Show” ဆွေးနွေးပွဲကို သထုံမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

    ဆွေးနွေးပွဲတွင် သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးမှ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့် ပတ်သက်၍ သိကောင်းစရာများအားမေးမြန်းခဲ့ရာ သထုံခရိုင်ရုံးမှ မြို့နယ်တာဝန်ခံက အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်း၏ အဓိပ္ပါယ်၊ အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်ယူခြင်းနှင့် ပတ်သက်၍ အားသာချက်၊ အားနည်းချက်၊ လိမ်လည်မှုပုံစံ၊ တိုင်ကြားနိုင်သည့်နည်းလမ်းနှင့်‌ ဖြေရှင်းသည့်နည်းလမ်း၊ အွန်လိုင်းရောင်းချမှုနှင့်ပတ်သက်၍ စိစစ်သင့်သည့်အချက်များ၊ အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိသောအကျိုးရလဒ်များ စသည်တို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)