
ဗီယက်နမ်နိုင်ငံ၏ စင်္ကာပူသို့တင်ပို့မှုမှာ ဩဂုတ်လတွင် သိသာစွာမြင့်တက်ခဲ့ပြီး ၂၀၂၄ခုနှစ်၏ ပထမ ၈လတင်ပို့မှုမှာ လွန်ခဲ့သည့်နှစ်၏ တူညီသည့်ကာလထက် ၃၁.၁% မြင့်တက်ခဲ့ကြောင်း စင်္ကာပူရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏ အစီရင်ခံစာအရသိရပါသည်။ အီလတ်ထရောနစ်ပစ္စည်းတပ်ဆင်မှုနှင့် စက်ယန္တယားကဏ္ဍတို့တွင် အားကောင်းသည့် စွမ်းဆောင်ရည်၏ မောင်းနှင်အားကြောင့် လွန်ခဲ့သည့်လတွင် ဗီယက်နမ်၏ စင်ကာပူသို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၆၇၈.၆သန်းရှိခဲ့ပြီး ၅၈.၄% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ထိုကြီးထွားမှုသည် ဗီယက်နမ်အား စင်္ကာပူ၏ ၁၈နိုင်ငံမြောက် အကြီးမားဆုံးဈေးကွက် မိတ်ဖက်ဖြစ်စေခဲ့ကြောင်းသိရပါသည်။ အဓိကပို့ကုန်များတွင် စက်ယန္တယား၊ ဖုန်းများနှင့် အစိတ်အပိုင်းတင်ပို့မှုမှာ (၂၁.၃၉%)၊ ဓာတ်ပေါင်းဖိုများ၊ ဘွိုင်လာများနှင့် စက်ယန္တယားများမှာ (၁၅၀%)နှင့် ရေနံထုတ်ကုန်များတင်ပို့မှုမှာ ၈၇၀% ကြီးထွားခဲ့ကြောင်းသိရပါသည်။ တစ်ချိန်တည်းမှာပင် စင်္ကာပူထံမှ ဗီယက်နမ်၏ တင်သွင်းမှုမှာ စင်္ကာပူဒေါ်လာ ၁.၈၆ဘီလီယံ ဖြင့် ၉.၄၉% ကျဆင်းခဲ့ပြီး တတိယနိုင်ငံထံမှ ကုန်ပစ္စည်းများ စင်္ကာပူမှ ဗီယက်နမ်သို့တင်ပို့မှုမှာလည်း စင်္ကာပူဒေါ်လာ ၁.၂၆ဘီလီယံဖြင့် ၁၈.၈၇% ကျဆင်းခဲ့ကြောင်းသိရပါသည်။ ဩဂုတ်လတွင် စင်္ကာပူနှင့် ဗီယက်နမ်အကြား အပြန်အလှန်ကုန်သွယ်မှုမှာ စင်္ကာပူဒေါ်လာ ၂.၇၆ဘီလီယံရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်၏ တူညီသည့် ကာလထက် ၄.၈၉% မြင့်တက်ခဲ့ကြောင်းသိရပါသည်။ ၂၀၂၄ခုနှစ်၏ ပထမ ၈လတွင် နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုမှာ စင်္ကာပူဒေါ်လာ ၂၁ဘီလီယံကျော်ရှိခဲ့ပြီး ဗီယက်နမ်အား စင်္ကာပူ၏ ၁၂ နိုင်ငံမြောက်အကြီးမားဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်စေခဲ့ကြောင်းသိရပါသည်။
Source : VietnamPlus
DOCA(ရန်ကုန်)