အီလက်ထရောနစ်စနစ်ဖြင့်ကူးသန်းရောင်းဝယ်ရေးကုန်စည်များအတွက် စားသုံးသူအကာအကွယ်ပေးရေး

Powered by Drupal

     ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် အီလက်ထရောနစ်စနစ်ဖြင့် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများအတွက် စားသုံးသူယုံကြည်မှုတိုးတက်စေရန် ပွင့်လင်းမြင်သာပြီး ထိရောက်မှုရှိသော စားသုံးသူ ကာကွယ်ရေးမူဝါဒများကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အခြားသောကူးသန်းရောင်းဝယ်ရေး ကဏ္ဍများထက် အကာအကွယ်ပေးမှု အဆင့်အတန်းမလျော့နည်းစေရန်အတွက် ဆောင်ရွက်ရပါမည်။

      အဖွဲ့ဝင်နိုင်ငံများသည် စားသုံးသူအကာကွယ်ပေးရေး မူဝါဒများကို အီလက်ထရောနစ်စနစ်ဖြင့်  ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၏ ထူးခြားသောလက္ခဏာများနှင့်အညီဖြစ်စေရန် သုံးသပ်၍ စားသုံးသူ များနှင့်စီးပွားရေးလုပ်ငန်းများအား အသိပေး၍ ဈေးကွက်တွင် ၎င်းတို့၏ အခွင့်အရေးနှင့်တာဝန်များကို အလေးထားစေရန် ဆောင်ရွက်ရပါမည်။

      အဖွဲ့ဝင်နိုင်ငံများသည် သက်ဆိုင်ရာ အီလက်ထရောနစ်စနစ်ဖြင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများဆိုင်ရာ လမ်းညွှန်ချက်များနှင့် စံချိန်စံညွှန်းများကို ပြန်လည်သုံးသပ်ပြီး အဆိုပါ လမ်းညွှန်းချက်များနှင့် စံချိန်စံညွှန်းများအား အဖွဲ့ဝင်နိုင်ငံများမှ လိုက်နာကျင့်သုံးနိုင်စေရန်နှင့် နိုင်ငံဖြတ်ကျော်အရေးကိစ္စများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အခြားအဖွဲ့ဝင်နိုင်ငံများ နှင့်ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင် အဖွဲ့ဝင်နိုင်ငံများသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် အီလက်ထရောနစ်စနစ်ဖြင့် ကူးသန်းရောင်းဝယ်ရေးကဏ္ဍများတွင် ပါဝင်သည့် စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ လမ်းညွှန်ချက်များကို လေ့လာရန်လိုအပ်သည်ဟု သိရှိရပါသည်။

DOCA(ရှမ်း)