မုန်တိုင်းဒဏ်ရိုက်ခတ်မှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ပြည်သူများ အခက်ကြုံတွေ့နေရ

Powered by Drupal

    ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် မုန်တိုင်းဒဏ်ရိုက်ခတ်မှုကြောင့် နေရာအနှံအပြား မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီး/ရေလျှံမှုများဖြစ်ပေါ်ကာ လမ်းပန်းဆက်သွယ်ရေးများပြတ်တောက်၍ အိမ်တွင်းအခြေခံသုံးစားဖိုဆောင်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များနှင့် အခြားဆက်စပ်ပစ္စည်းများ ပြတ်တောက်လျက်ရှိကြောင်း သိရှိရပါသည်။ ရေကြီး/ရေလျှံမှုကြောင့် စိုက်ပျိုးတောင်သူများလည်း နစ်နာဆုံးရုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။

    အထူးသဖြင့် ကလော၊ အောင်ပန်း၊ အင်းလေ၊ ညောင်ရွှေ၊ ရွှေညောင် စသည့်မြို့များတွင်လည်း ရေကြီးမှုများကြောင့် စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်များလည်း ပျက်ဆီးဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း သိရှိရပါသည်။  

    ယခင်က ကလော၊ အောင်ပန်း၊ အင်းလေ၊ ညောင်ရွှေ၊ ရွှေညောင်တို့မှ အသားငါး၊ ဟင်းသီးဟင်းရွက်များကို တောင်ကြီးမြို့မဈေးသို့လည်းကောင်း (၅)ရက်တစ်ပတ်ဈေးသို့လည်းကောင်း ဈေးနှုန်းချိုသာစွာဖြင့် လာရောက်ရောင်းချကြသော်လည်း ယခုအခါ ရေကြီး/ရေလျှံမှုကြောင့် ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

    အင်းလေးတွင် ရေကြီးမှုကြောင့် စိုက်ပျိုးထားသိုလှောင်ထားသည့် အင်းလေးခရမ်းချဉ်သီးများလည်း ပျက်ဆီးဆုံးရှုံးလျက်ရှိပါသည်။ အင်းလေးခရမ်းချဉ်သီးများကို နီးစပ်ရာအခြားမြို့များသို့ တင်ပို့ရောင်ချမှုများလည်း လျော့နည်းသွားကာ ရေကြီးမှုကြောင့် ခရမ်းချဉ်သီးရောင်းချသည့် ဒိုင်များတွင် အင်းလေးခရမ်းချဉ်သီး တစ်ပိဿာလျှင် အကြီးအသေးပေါ်မူတည်၍ (၁၀၀၀)ကျပ် မှ (၁၅၀၀) ကျပ် ဈေးသာပေးရကြောင်း သိရှိရပါသည်။

     ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် မိုးရွာ/ရေကြီးမှုကြောင့် စိုက်ပျိုးတောင်သူများသာမက ဝယ်ယူစားသုံးသည့် ပြည်သူများပါ အခက်အခဲများ ဖြစ်ပေါ်နေကြာင်း သိရှိရပါသည်။

DOCA(ရှမ်း)