စားသုံးသူရေးရာဦးစီးဌာန ၊ရှမ်းပြည်နယ်ဦးစီးမှူးရုံး (တောင်ကြီး)တွင် သတင်း/ဆောင်းပါးရေးသားနည်းသင်တန်းဖွင့်လှစ်

Powered by Drupal

      ရှမ်းပြည်နယ်တောင်ပိုင်း၊ စားသုံးသူရေးရာဦးစီးဌာန ၊ တောင်ကြီးမြို့တွင်( ၁၉-၉-၂၀၂၄)ရက်နေ့နှင့် (၂၀-၉-၂၀၂၄)ရက်နေ့တွင် သတင်း/ဆောင်းပါးရေးသားနည်း သင်တန်းဖွင့်လှစ်သင်ကြားခဲ့ပါသည်။ အဆိုပါသင်တန်းကို ရှမ်းပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဖြူ ဦးဆောင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှဌေးက သတင်းရေးသားထုတ်ပြန်ခြင်း၊သတင်း/ဆောင်းပါးများရေးသားနည်းနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်များကို ဆွေးနွေးပို့ချခဲ့ပါသည်။

     အဆိုပါသင်တန်းကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ဦးစီးအရာရှိ  ဦးသီဟလွင်မှလည်း သတင်းရေးသားနည်းနှင့်ပတ်သက်၍ အခြေခံလိုအပ်ချက်များ ၊လိုက်နာရမည့်အချက်များကို ဆွေးနွေးပို့ချခဲ့ပါသည်။ မြန်မာနိုင်ငံသတင်းစာဆရာများအသင်း(ရှမ်ပြည်နယ်)မှ အတွင်းရေးမှူး ဦးစိုးမော်ဦးမှလည်း သင်တန်းနှင့်ပတ်သက်၍ သတင်းတစ်ပုဒ်၏ ဖွဲ့စည်းပုံများနှင့်ပတ်သက်၍ သိသင့်သည်များကို ဆွေးနွေးပို့ချခဲ့ပါသည်။

       အဆိုပါသင်တန်းတွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံး(တောင်ကြီး)မှသင်တန်းသား(၁၆)ဦး ရှမ်းပြည် နယ်ဦးစီးမှူးရုံး(လားရှိုး)မှ သင်တန်းသား(၁၂)ဦးနှင့်စုစုပေါင်း (၂၈)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကို နေ့လယ်(၁၅ :၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)