ဘားအံမြို့ ရေပေါ်ဈေးရှိ ကုန်စိမ်းသီးနှံ ဈေးနှုန်းအခြေအနေ

Powered by Drupal

     ၂၀၂၄ ခုနှစ်၊ မိုးရာသီ စက်တင်ဘာလတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ ရေ‌ပေါ်ဈေးရှိ ကုန်စိမ်းသီးနှံ ဈေးနှုန်းအနည်းငယ်တက်နေသောလည်း  ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း  သိရသည်။

     ဈေးနှုန်းအနေဖြင့် ခရမ်းသီး တစ်ပိဿလျှင် (၃၀၀၀၊၃၅၀၀) ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ လျှင် (၃၀၀၀)ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၂၀၀၀၊၃၀၀၀)ကျပ်၊ ပန်းဂေါ်ဖီ တစ်ပွင့်လျှင် (၁၅၀၀၊၂၈၀၀) ကျပ်၊ ငရုတ်ပွ တစ်ပိဿလျှင် (၃၅၀၀)ကျပ်၊ ခဝဲသီးတစ်ပိဿလျှင် (၅၀၀၀)ကျပ်၊   ကြက်ဟင်းခါးသီး တစ်ပိဿလျှင် (၄၀၀၀)ကျပ်၊ ရုံးပတီသီး တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ (ငရုတ်စိမ်းထောင့်ရှည် တစ်ပိဿလျှင် (၅၀၀၀)ကျပ်၊ ပဲတောင့်ရှည် အစည်းသေး (၁၀၀၀)ကျပ်၊ ကန်စွန်းရွက် တစ်စည်းလျှင် (၅၀၀)ကျပ်၊ ကင်းပွန်းချဥ်ရွက် တစ်စည်း လျှင်(၈၀၀)ကျပ်၊ ချဥ်ပေါင်ရွက်တစ်စည်းလျှင်(၅၀၀)ကျပ်၊ ဝါးပိုးမြစ်စိမ်း တစ်ပိဿာလျှင်(၁၀၀၀၀) ကျပ်၊ မြစ်ပြု တစ်ပိဿာလျှင် (၅၀၀၀)ကျပ်  တို့ဖြစ် ရောင်းဝယ်နေကြကြောင်း သိရသည်။

      ကရင်ပြည်နယ်ဒေသအတွင်း ယခုလို ဈေးနှုန်းအနည်းတက်နေရခြင်းမှာ စိုက်ခင်မှအသီးများ တုံးလာခြင်း၊ရေနစ်မြုပ်ခြင်းနှင့် စရိတ်များလာခြင်းတို့ကြောင့်ဖြစ်ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)