ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၌ ၂၀၂၄ မိုးစပါးကို ဟင်္သာတမြို့နယ်တွင် (၆၆၆၅၄) ဧက၊ ဇလွန်မြို့နယ်တွင် (၃၀၅၄၆)ဧက နှင့် လေးမျက်နှာမြို့နယ်တွင် (၃၀၂၄၅)ဧက၊ စုစုပေါင်း (၁၂၇၄၄၅)ဧက စိုက်ပျိုးကြပြီး၊ သီးထပ်အဖြစ် မတ်ပဲ၊ပဲတီစိမ်းနှင့် နွေစပါးတို့ကို စိုက်ပျိုးကြပါသည်။ စိုက်ပျိုးသော စပါးမျိုးများမှာ ဆင်းသုခ၊ မနောသုခ၊ GW-11 ၊ GW-18 ၊ မှော်ဘီ ၃ ၊ ရက်(၉၀)၊ ရွှေဧရာ၊ ပခန်း စသောမျိုးများကို အဓိကစိုက်ပျိုးကြပါသည်။
၂၀၂၄ ခုနှစ် မေလ နောက်ဆုံးပတ်က စိုက်ပျိုးသော မိုးစပါးများသည် ၂၀၂၄ ခုနှစ် စက်တင် ဘာလ ဒုတိယပတ်တွင် စတင်ထွက်ရှိလာကြပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးသည် (၂၄.၉.၂၀၂၄)နေ့တွင် ၂၀၂၄ ခုနှစ်ထွက် ကောက်စောမိုးစပါး ရိတ်သိမ်းသော ဟင်္သာတမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာ(တောင်ပိုင်း)ရှိ၊ တောင်သူ ဦးသိန်းမြင့် ၏ GW-11 စပါးမျိုးစိုက်ပျိုးထားသော လယ်(၄.၀၀)ဧကသို့ ကွင်းဆင်းလေ့လာခဲ့ပါသည်။ တစ်ဧကလျှင် ပျမ်းမျှအစိုဓါတ် ရာခိုင်နှုန်း(၂၄-၃၀)ကြားရှိပြီး (၅၅)ပေါင် တင်း(၉၀)မှ(၉၅)တင်းကြား ထွက်ရှိကြောင်း သိရှိရပါသည်။ ကွင်းပေါက်ဈေးမှာ အစို(၅၅)ပေါင် တင်း(၁၀၀)လျှင် (၁၅ သိန်း ကျပ်) ဈေးဖြင့် ရောင်းချရပြီး တစ်ဧကလျှင်(၇ သိန်းကျပ်)ဝန်းကျင်ခန့် အကျိုးအမြတ်ရရှိကြောင်း တောင်သူဦးသိန်းမြင့်ထံမှ ပြောကြားပါသည်။
DOCA(ဧရာဝတီ)