မြောင်းမြခရိုင် မြောင်းမြမြို့နယ်သို့ ရန်ကုန်မြို့ရှိ စားအုန်းဆီကုမ္ပဏီများမှ ဆီကားများရောက်ရှိလာမှုအပေါ် ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် မြောင်းမြမြို့နယ်တာဝန်ခံ ဒု-ခရိုင်ဦးစီးမှူး ဦးလှထွဋ်ဦးနှင့်ဝန်ထမ်းများသည် (၂၀.၉.၂၀၂၄) ရက်နေ့ ၊နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် ဆီအသင်းဥက္ကဌ ဦးညီညီအောင်နှင့်အတူ ရန်ကုန်မြို့ရှိစားအုန်းဆီကုမ္ပဏီများမှ  (၁၉.၉.၂၀၂၄)ရက်နေ့ထုတ် (၃၈)ပေပါ (၂၀.၉.၂၀၂၄)ရက်နေ့ထုတ် (၃၈)ပေပါ စုစုပေါင်း (၇၆)ပေပါ (သို့) ပိဿာ ၈၃၆၀သည် တော်ဝင်ဧကရာဇ်ကုမ္ပဏီကားဖြင့်  မြောင်းမြမြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါစားအုန်းဆီများကို မြောင်းမြခရိုင် မြောင်းမြမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံက သွားရောက်စစ်ဆေးခဲ့ပြီး ရောက်ရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင် ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက္ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည် ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသောကိုယ်စားလှယ်များထံမှ သိရှိရပါသည်။

DOCA(ဧရာဝတီ)