မအူပင်မြို့တွင် ဆန်အရောင်းဆိုင်များအား ဈေးနှုန်းနှင့် ဆန်ပြတ်လပ်မှု ရှိမရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၂၀.၉.၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မအူပင်မြို့ပေါ်ရပ်ကွက်ရှိ ဆန်ဆိုင်(၆)အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦး ဦးစီးအရာရှိက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် MRFမှ လအလိုက် ထုတ်ပြန်ပေးသော သင့်တင့်မျှတသော ဈေးကွက်ဈေးနှုန်းဖြင့်  ဆန်များဖြန့်ဖြူး ရောင်းချနိုင်ရေးကို ဆန်ဆိုင်လုပ်ငန်းရှင်များက သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်ရောင်းချရန်။ ဒေသတွင်း စိုင်ပျိုးထွက်ရှိသော စပါး၊ ဆန်များဖြစ်၍ ကြော်ငြာချက်ပါ ဆန်အမျိုးအစားအလိုက် သတ်မှတ်ရည်ညွှန်းဈေးအပေါ် အမြတ် ၅ရာခိုင်နှုန်းတင်၍ ဈေးနှုန်းဖော်ပြရောင်းချနိုင်စေရေး၊ မြို့နယ် ဈေးကွက်အတွင်း ဆန်များ ပြတ်လပ်မှုမရှိစေရေးတို့ကို စစ်ဆေးခဲ့ပြီး၊ ဆန်လက်ကျန် အမျိုးအစားအလိုက် အိတ်အရေအတွက်၊ တစ်နေ့ရောင်းချနိုင်သည့် ပျမ်းမျှပမာဏ ဆန်အမျိုးအစားအလိုက် အိတ်အရေအတွက်၊ ဆန်ဆိုင်လုပ်ငန်းရှင်များ အခက်အခဲရှိပါက ဌာနဖြင့်ချိတ်ဆက် ပူးပေါင်းဆောင် ရွက်ရန်တို့ကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်းရှင် များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည့်တို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး၊ ဆန်အရောင်းဆိုင်(၆)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)