
(၂၀.၉.၂၀၂၄)ရက်နေ့၊နေ့လယ် (၁၃:၀၀)နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် ဓနုဖြူမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသာ်များသည် ဆန်စက်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်မှု ပြုလုပ်ခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် ထွန်းသူရ ဆန်စက်ပိုင်ရှင်နှင့် တွေ့ဆုံ၍ ဆန်စက်စပါးဝယ်ယူကြိတ်ခွဲ မှုအခြေအနေများ ဆန်စက်မှ ဆန်များရောင်းချတင်ပို့မှုအခြေအနေများကို လေ့လာမေးမြန်းခြင်းပြုလုပ်ခဲ့ပြီး ဆန်ရည်ညွှန်ဈေး သတ်မှတ်ထားပေမဲ့ ဈေးမကျတဲ့အပြင် မှောင်ခိုဈေးကွက်ပါ ဖြစ်ပေါ်နေဟူ၍ ဆန်ဈေးနှုန်းတည်ငြိမ်ရေး ဈေးကွက်အတွင်း ဆန်ပြန်လပ်မှုမရှိစေရေးကို ဦးစားပေးဆွေးနွေးခဲ့ကြောင်း သိရသည်။ ဆန်အသင်းက သတ်မှတ်ထားသော ရည်ညွှန်းဈေးဖြင့် မြို့နယ်အတွင်း ဖြန့်ဖြူးရောင်းချရန် MRF က ဦးဆောင်မှုဖြင့် ဆန် ၁ပြည် ၃၀၀၀ နှုန်းဖြင့် ဆန်စက်မှ ရောင်းချပေးနေမှုအခြေအနေများကို လေ့လာခဲ့သည်။ ဆန်စက်ပိုင်ရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးများအကြောင်း၊ ကုန်အညွှန်းအမှတ်အသားပါဝင်မှ ဈေးကွက်အတွင်း ရောင်းချနိုင်မှုရှိစေရေးနှင့် မြို့နယ်၏ ဆန်စပါးထွက်ရှိမှု၊ ကြိတ်ခွဲနိုင်မှုနှင့် ဆန်စပါးဈေးကွက် အခြေအနေများကို အပြန်အလှန်ဆွေးနွေးပြီး ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေးကို အလေးပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)