ပန်းတနော်မြို့နယ် (၁၂)ရွာကျေးရွာ (အ.လ.က-ခွဲ)ကျောင်းတွင် ကျောင်းသား/သူများအား စားသုံးသူအသိပညာပေးဟောပြော

Powered by Drupal

      (၂၀.၉.၂၀၂၄)ရက်နေ့၊နံနက် (၁၀:၀၀)နာရီ ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ တာဝန်ရှိသူများသည် ပန်းတနော်မြို့နယ် (၁၂)ရွာကျေးရွာ (အ.လ.က-ခွဲ)ကျောင်းတွင်  မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်အတူ အသိပညာပေး ဟောပြောပွဲကို ပြုလုပ် ဆောင်ရွက်ခဲ့သည်။

      ပန်းတနော်မြို့နယ်တာဝန်ခံရုံးမှ ဦးအောင်ကျော်သက် အငယ်တန်းစာရေးက အသိပညာပေး ဟောပြောခဲ့ရာ စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေး ဥပဒေပြဋ္ဌာန်းချက်ပါ စားသုံးသူ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ် အန္တရာယ်ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ် အသားပါအချက်အလက်များအား ရှင်းလင်းပြောကြားပြီးနောက် အစားအသောက်နှင့် ကုန်စည်တွေ ပေါ်မှာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ(Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်အကြောင်းကို သိရှိလိုပါက၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ သိရှိလိုပါက Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်း တိုင်ကြားနိုင်ကြောင်းစသည်တို့ကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ကျောင်းသား/ကျောင်းသူ (၁၇၅)ဦးနှင့် အပြန်အလှန် ဆွေးနွေးမှုများပြုလုပ်ခဲ့ကာ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို နံနက်(၁၁:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

DOCA(ဧရာဝတီ)