ပန်းတနော်မြို့ပေါ်ဈေးများတွင် အသင့်ဖျော်ကော်ဖီနှင့် လက်ဖက်ရည်ထုပ်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်

Powered by Drupal

     ဧရာဝတီတိုင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ပန်းတနော်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် (၂၀-၉-၂၀၂၄) ရက်နေ့တွင် မိတ်ဖက်ဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်းကာ  ပန်းတနော်မြို့ပေါ်ရှိ ကုန်မျိုးစုံဆိုင်နှင့် စတိုးဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြပါသည်။

    ကုန်မျိုးစုံဆိုင်နှင့်စတိုးဆိုင်များ၌ ရောင်းချလျက်ရှိသော အသင့်သောက်ကော်ဖီအမျိုးမျိုးတွင် မြန်မာစာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိမှုရှိ/မရှိကို ဈေးကွက်စောင့်ကြည့်စစ် ဆေးခဲ့ ရာ  မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော အသင့်သောက်ကော်ဖီ အမျိုးမျိုးကိုသာ ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဦးစားပေးကုန်စည်ဖြစ်သည့် ကုန်စည် ၁၀မျိုးကို ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ထုတ်ပြန်ထားသဖြင့် အသင့်သောက် ကော်ဖီမစ်ပါဝင်သောကြောင့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ရောင်းချမယ့် ကုန်စည်မှာ မြန်မာလို ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် လွယ်ကူအဆင်ပြေစေရန်အတွက် ထုတ်ပြန်ထားသည့်အတိုင်း ကိုက်ညီသော ကုန်စည်များကိုသာ လုပ်ငန်းရှင်များက ရောင်းချရန် သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)