
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးချစ်ကိုကိုနှင့် တာဝန်ရှိသူများသည် (၂၄.၉.၂၀၂၄)ရက်နေ့တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်သော မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ လက်ပံတန်းမြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးရောင်းချသည့်ဆိုင်များသို့ သွားရောက်၍ ဈေးနှုန်းမြင့်တင်ရောင်းချမှုရှိ/မရှိ၊ ပစ္စည်းပြတ်လတ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
အဆိုပါ ဓာတ်မြေဩဇာဆိုင်များနှင့် ပိုးသတ်ဆေးဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့ရာတွင် ဈေးနှုန်းများမြှင့်တင်၍ ရောင်းချမှုမရှိပါကြောင်းနှင့် ပစ္စည်းများပြတ်လတ်မှုမရှိပါကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါသည်။
DOCA(ပဲခူး)