ပိုးသတ်ဆေးသုံးစွဲမှုဆိုင်ရာ တောင်သူအသိပညာပေး ဆွေးနွေးပွဲကျင်းပခြင်း

Powered by Drupal

        ရခိုင်ပြည်နယ် သံတွဲခရိုင်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် သံတွဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပိုးသတ်ဆေးသုံးစွဲခြင်းနှင့် စပ်လျဉ်း၍ လူ့ကျန်းမာရေးနှင့် ပတ်ဝန်းကျင်အန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူအကာအကွယ်ပေးရေးနှင့် ပိုးသတ်ဆေးကို အန္တရာယ်ကင်းစွာ စနစ်တကျ ကိုင်တွယ်သုံးစွဲရေးများနှင့် ပတ်သက်သော အသိပညာပေးဆွေးနွေးပွဲအား သံတွဲမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးရုံး၌ (၃၀-၃-၂၀၂၂)ရက်နေ့ နေလည်(၁၂:၃၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

           အခမ်းအနားတွင် သံတွဲခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသော်ဇင်မောင်က အဖွင့်အမှာစကားပြောကြားပြီး သံတွဲမြို့နယ် စိုက်ပျိုးရေးဦးစီးမှူးရုံးမှ ဌာနမှူး ဦးဇော်ထွန်းခိုင်မှ ဆွေးနွေးပွဲပြုလုပ်ရခြင်းအကြောင်းတို့အား ရှင်းလင်းပြောကြားပါသည်။ ထို့နောက် သံတွဲခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဝင်းနိုင်မှ စားသုံးသူကာကွယ်ရေးဉပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဉပဒေအကြောင်းအားလည်းကောင်း၊ သံတွဲမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှူး ဦးဟန်မင်းထက်အောင်မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိထားသင့်သည့် အကြောင်းအရာများအား လည်းကောင်း၊ သံတွဲခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ‌ဒေါ်ဝါဝါထွန်းမှ ပိုးသတ်ဆေးသုံးစွဲခြင်းနှင့် ပတ်သက်၍ သိထားသင့်သည့်များအားလည်းကောင်း ဆွေးနွေးပြောကြားခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းချက်များအား သက်ဆိုင်သည့်ဦးစီးဌာနများအလိုက် ပြန်လည်ရှင်းလင်းပြောကြားပြီးနောက် သံတွဲခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသော်ဇင်မောင်မှ နိဂုံးချုပ်အမှာစကားပြောကြားပြီး ညနေ(၁၅:၀၀)နာရီ အချိန်တွင် အခမ်းအနားပြီးဆုံးခဲ့ပါသည်။

             အခမ်းအနားသို့ တောင်သူနှင့် စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်ရှင် စုစုပေါင်း(၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)