လက်ပံတန်းမြို့ဈေးအပြင်တန်းရှိ သစ်သီးဈေးကွက်

Powered by Drupal

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့မဈေးရှိ စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် ရောင်းချနေသော သစ်သီးဈေးနှုန်းများမှာ ပန်းသစ်တော်သီး ၁လုံးလျှင်  (၃၅၀၀-၅၀၀၀-၇၀၀၀)ကျပ်၊ သင်္ဘောသီးမှည့် ၁လုံးလျှင် (၁၅၀၀-၂၀၀၀)ကျပ်၊ နာနတ်သီး (၁)လုံးလျှင် (၃၅၀၀)ကျပ်၊ နဂါးမောက်သီး (၁)လုံးလျှင် (၇၀၀-၁၀၀၀-၂၀၀၀ )ကျပ်၊ ဖရဲသီး ၁လုံးလျှင် (၃၀၀၀)ကျပ်၊ လိမ္မော်သီး ၁လုံးလျှင် (၂၀၀၀)ကျပ်၊ ဩဇာသီး  ၁လုံးလျှင် (၁၀၀၀)ကျပ်၊ ပန်းသီး ၁လုံးလျှင် (၁၃၀၀) ကျပ်မှ (၁၇၀၀)ကျပ်၊ မာလကာသီး ၁လုံးလျှင် (၅၀၀)ကျပ်၊ စပျစ်သီး ၁၀ကျပ်သားလျှင် (၃၀၀၀-၄၀၀၀)ကျပ်ဈေးများဖြင့်ရောင်းချလျက်ရှိကြောင်း လက်ပံတန်းမြို့မဈေးအတွင်းရှိ သစ်သီးရောင်းချသူများထံမှသိရှိရပါသည်။

DOCA(ပဲခူး)