စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်ကျင်းပ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊တိုင်းဒေသကြီးဦးစီးမှူးရုံး၊အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ဝန်ထမ်းများနှင့် မုံရွာခရိုင်ဦးစီးမှူးရုံးရှိ ဝန်ထမ်းများအား လူ့စွမ်းအား အရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရေး၊  ဦးစီးဌာန၏ မျှော်မှန်းချက် (Vision)၊ ရည်မှန်းချက် (Mission) များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရေး ရည်ရွယ်၍ ဝန်ထမ်းစွမ်း ဆောင်ရည် မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်ခဲ့ရာ သင်တန်းသား/သူ (၁၅)ဦး၊နည်းပြ(၅)ဦးနှင့် အရာထမ်း/အမှုထမ်း (၂၀)ဦး၊စုစုပေါင်း (၄၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို  ၂၄.၉.၂၀၂၄ ရက်နေ့မှ ၂၅.၉.၂၀၂၄ ရက်နေ့ထိ (၂) ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ပါသည်။

    အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ခေတ္တတိုင်းဒေသကြီးဦးစီးမှူးက အဖွင့်အမှာစကားပြောကြားရာတွင် လက်ရှိဝန်ထမ်းများနှင့် အသစ်ခန့်ထားသော ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းနှင့် သင်တန်းဆိုတာ အမြဲဒွန်တွဲလျက်ရှိကြောင်း၊ ယခုဖွင့်လှစ်သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့် တင်ရေးသင်တန်းမှာ ဝန်ထမ်းများ၏ အရည်အသွေးတိုးတက်စေရန်ဖြစ်ပြီး သင်တန်းတွင် ပို့ချသော သင်ခန်းစာများမှာ လက်တွေ့လုပ်ငန်းခွင် ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း၊ မိမိကိုယ်ကိုတိုးတက်အောင် တစိုက်မတ်မတ် လေ့လာသွားရမည်ဖြစ်ကြောင်း၊ ဘာသာရပ်ဆိုင်ရာ သင်တန်းဆရာများ၏ ပို့ချသော သင်ခန်းစာများကို ဂရုတစိုက်သင်ယူကြရန်လိုကြောင်း၊ ဝန်ထမ်း စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ နေထိုင်ကြရန်နှင့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားသင်ယူစေလိုကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ သင်တန်းနည်းပြများအဖြစ် ဌာနခွဲတာဝန်ခံများမှ သက်ဆိုင်ရာဘာသာရပ်အလိုက် အသီးသီးရှင်းလင်းပို့ချခဲ့ကြပြီး တက်ရောက်လာကြသော သင်တန်းသား/သူများကလည်း မသိနားမလည် သိများကို မေးမြန်းခြင်းများပြုလုပ်၍ သင်တန်းကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)