ရေနံချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဝက်ချုပ်ကျောင်း၌ စားသုံးသူကာကွယ်‌ရေး အသိပညာပေးဟောပြောဆွေးနွေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့၊ မြို့နယ်တာဝန်ခံသည် စားသုံးသူအခွင့်အရေးများသိရှိပြီး ကုန်စည်နှင့်ဝန်ဆောင်မှုများ ရွေးချယ်ဝယ်ယူတက်စေရန် ရည်ရွယ်၍ (၂၄.၉.၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ဝက်ချုပ်ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

    ရေနံချောင်းမြို့နယ်တာဝန်ခံက ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူအခွင့်အရေး(၈) ချက်နှင့် တာဝန်(၄)ချက်အကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉၊ အခန်း (၁၈) ပုဒ်မ (၄၁)အရ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းတို့ကို အကျယ်တဝင့် ဟောပြောခဲ့ပြီး အသိပညာပေး ဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၂၁)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၃၇၉)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)