မြိတ်မြို့တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းအား အသိပညာပေးဆွေးနွေး

Powered by Drupal

   တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနသည် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် စားသုံးသူပြည်သူများအား မြိတ်မြို့၊ ဆိပ်ငယ်ရပ်ရှိ စားသုံးသူရေးရာဦးစီးဌာနသို့ ခေါ်ယူကာ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာနှင့် အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် ပတ်သက်သည့်အကြောင်းအရာများအား အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကြပါသည်။

    အသိပညာပေးဟောပြောဆွေးနွေးရာတွင် စားသုံးသူများဘေးအန္တရာယ်ကင်းစေရန်နှင့် အွန်လိုင်းစနစ်ဖြင့် ဝယ်ယူမည်ဆိုပါက သတိထားသင့်သော အချက်အလက်များ၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်း၊ အွန်လိုင်းဖြင့်ရောင်းချမည်ဆိုပါက မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်လျှောက်ထားခြင်းနှင့် ပတ်သက်သည့်အကြောင်းအရာများအား ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)