ကမ္ဘောဒီးယားနှင့် ၂၁ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ

Powered by Drupal

      ကမ္ဘောဒီးယားနိုင်ငံသည် စက်တင်ဘာလ ၂၁ရက်နေ့မှ ၂၈ရက်နေ့အထိ တရုတ်နိုင်ငံ၊ နန်နင်းမြို့၊ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာတွင်ကျင်းပပြုလုပ်သည့် ၂၁ကြိမ်‌မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့အတွက် အရေးပါသောစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် ပါဝင်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၏ အတွင်းရေးမှူး Samheng Bora  သည် ပြုလုပ်မည့်အစီအစဉ်များ၏ တိုးတက်မှုကို စောင့်ကြည့်လေ့လာရန် နည်းပညာအဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းခဲ့ကြောင်း Moc သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခုကုန်စည်ပြပွဲတွင် ကမ္ဘောဒီးယားနိုင်ငံသည်  Sihanoukville အထူးစီးပွားရေးဇုန်နှင့်  Koh Kon ခရိုင်တို့တွင် ပရောဂျက်များပါဝင်မည်ဖြစ်သည်။ ဆန်၊ ငရုတ်ကောင်း၊ သီဟိုစေ့၊ သစ်သီးခြောက်များ၊ ကော်ဖီ၊ လက်ဖက်ရည်၊ အစားအသောက်နှင့် ဖျော်ရည်ယမကာများအပြင် စကျင်ကျောက်၊ လက်မှုပစ္စည်း၊ အမှတ်တရ လက်ဆောင်ပစ္စည်းများနှင့် လက်ဝတ်ပစ္စည်းများအပါအဝင် ကမ္ဘောဒီးယားထုတ်ကုန်ပစ္စည်းအများအပြားကိုလည်း ပြပွဲသို့ပြသခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၎င်း၏ထုတ်ကုန်များကို နိုင်ငံတကာဈေးကွက်တွင် မြှင့်တင်ရန်နှင့် နိုင်ငံတကာကုန်သွယ်မှုအတွက် အခွင့်အလမ်းများပေးခြင်းဖြင့် ပုဂ္ဂလိကကဏ္ဍအားကောင်းလာစေရန်အတွက် ကမ္ဘောဒီးယားသည် အဆိုပါပွဲ၌ ပါဝင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါပြပွဲသည် တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်မှုနှင့် နှစ်နိုင်ငံဘက်စုံကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန် အထောက်အကူပြုမည်ဖြစ်သည်။ တရုတ်နိုင်ငံသည် ပို့ကုန်သွင်းကုန်ကဏ္ဍတွင် ကမ္ဘာဒီးယားနိုင်ငံ၏ အဓိကမိတ်ဖက်နိုင်ငံဖြစ်ပြီး အမေရိကန်၊ ဗီယက်နမ်၊ ထိုင်းနှင့် ဂျပန်နိုင်ငံတို့ပါဝင်သည်။

Source: Khmer Time

DOCA(ရန်ကုန်)