![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/3.3_9.jpg?itok=-Un7s2IN)
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် (၂၄.၉.၂၀၂၄)ရက်နေ့၊ ည(၇:၀၀)နာရီအချိန်တွင် (၂၃.၉.၂၀၂၄)ရက်နေ့ ထုတ်စားအုန်းဆီများသည် ဝါးခယ်မမြို့နယ်ဆီကိုယ်စားလှယ်များသို့ ရန်ကုန်မြို့ရှိစားအုန်းဆီကုမ္ပဏီများမှ တော်ဝင်ဧကရာဇ်ကုမ္ပဏီကား (ယာဉ်အမှတ် 8I-8621)မော်တော်ယာဉ်ဖြင့် စားအုန်းဆီ (၃၇)ပေပါ (သို့) ပိဿာ ၄၀၇၀ သည် ဝါးခယ်မမြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါစားအုန်းဆီများကို မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက သွားရောက်စစ်ဆေးခဲ့ပြီး ရောက်ရှိလာသောစားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင် ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/လက္ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/လက္ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီခွဲတမ်းရရှိသောကိုယ်စားလှယ်များထံမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)