ထားဝယ်မြို့ပေါ်ရှိ SAN ဘက်ထရီအရောင်းဆိုင်အား စစ်ဆေးခြင်း

Powered by Drupal

      ၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ(၂၆)ရက်နေ့ ၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ထိန်းချုပ်ဓာတုစစ်ဆေးရေးအဖွဲ့များဖြစ် သော မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့စု၊ မှုခင်းရဲတပ်ဖွဲ့စု၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ပူးပေါင်းအဖွဲ့ဖြင့်  ထားဝယ်မြို့၊ နိဗ္ဗာန်လမ်းရှိ SAN ဘက်ထရီရောင်းဝယ်ရေးဆိုင်သို့ သွားရောက်၍ ဘက်ထရီများတွင် ပြန်လည်ထည့်သွင်း အသုံးပြုသည့် အက်စစ်များအား သွားရောက် စစ်ဆေးခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် ထိန်းချုပ်ဓာတုစစ်ဆေးရေးအဖွဲ့များမှ သတ်မှတ်ထုတ်ပြန်ထားသော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်သွင်းသိုလှောင်မှုများရှိ/မရှိ စစ်ဆေးခြင်းနှင့် သတ်မှတ်ထုတ်ပြန်ချက်များနှင့်ကိုက်ညီမှုမရှိဘဲ တရားမဝင်တင်သွင်း သိုလှောင်ထားရှိမှုများ တွေ့ရှိရပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ရာ သိရှိလိုက်နာဆောင်ရွက်သွားနိုင်ရန် ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)