![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/3.15_2.jpg?itok=C-KyJTps)
ငပုတောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဆန်စက်ပိုင်ရှင်များအသင်းတို့ပူးပေါင်း၍ ကျေးရွာနေ စားသုံးသူပြည်သူများအားသတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းဖြင့် ငပုတော မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများအရောက် တစ်ပတ်လျှင် (၂) ကြိမ်နှုန်းဖြင့် အပတ်စဉ်တိုင်း ဧည့်မထဆန်နှင့် ပေါ်ဆန်းရင်ဆန်များ ရောင်းချပေးလျက်ရှိပါသည်။
အဆိုပါ ဧည့်မထဆန်တပြည်လျှင် ၃၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ပေါ်ဆန်းဆန်တစ်ပြည်လျှင် ၅၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ တစ်ဦးလျှင် ဆန် (၂) ပြည်မှ (၄) ပြည်အထိ မည်သူမဆို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဆန်စက်ပိုင်ရှင်များသည် ကျေးရွာများသို့ သွားရောက်ရောင်းချနေကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)