ပြည်ပရင်းနှီးမြှုပ်နှံသူသူ ၅ ခုမှ အင်ဒိုနီးရှား၏ မြို့တော်သစ် (IKN) Nusantasa တွင် အမေရိကန်ဒေါ်လာ ၁၆၅ သန်း ရင်းနှီးမြှုပ်နှံရန် ဆန္ဒရှိ

Powered by Drupal

    အင်ဒိုနီးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးနှင့် ရင်းနှီးမြှုပ်နှံမှု ညှိနှိုင်းဆောင်ရွက်ရေး ဘုတ်အဖွဲ့၏ အကြီးအကဲဖြစ်သူ  Rosan Roeslani က ပြည်ပကုမ္ပဏီ ၅ ခု သည်မြို့တော်သစ် (IKN) Nusantasa တွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆၅ သန်း ရင်းနှီးမြှုပ်နှံရန် မျှော်လင့်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ၎င်းတို့ထဲမှတစ်ခုဖြစ်သည့် စင်ကာပူ၏ Sembcorp Utilities Pte Ltd သည် IKN တွင် ၅၀ မဂ္ဂါဝပ် Solar Panel သည် ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ ၆၅ သန်း ရင်းနှီးမြှုပ်နှံရန် လေ့လာလျက်ရှိကြောင်း သိရပါသည်။ အခြားကုမ္ပဏီ ၄ ခု၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပတ်လည်ရှိကြောင်း Roeslani က ၂၄-၉-၂၀၂၄ ရက်နေ့က ပြောကြားခဲ့ပါသည်။  စင်ကာပူပညာရေးကုမ္ပဏီဖြစ်သည့် Raffles Education Ltd  နှင့် ဩစတေးလျမှ အဖွဲ့အစည်းတစ်ခုသည် IKN တွင် ပညာရေး ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြောင်း သိရပါသည်။ တစ်ချိန်တည်းမှာပင် ရုရှားကုမ္ပဏီတစ်ခုကလည်း mixed-use အဆောက်အအုံတည်ဆောက်ရန်မျှော်လင့်လျက်ရှိပြီး တရုတ်ကုမ္ပဏီက ဈေးဝယ်စင်တာ ဆောက်လုပ်ရန် စိတ်ဝင်စားနေကြောင်း သိရပါသည်။ Roeslani က ပြည်ပရင်းနှီးမြှုပ်နှံမှုများ IKN သို့ ဝင်ရောက်လာခြင်းသည် နိုင်ငံပိုင်လုပ်ငန်းများ(SOEs) နှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများ အချင်းချင်း ယှဉ်ပြိုင်ခြင်းမရှိဘဲအတူတကွ အလုပ်လုပ်နိုင်ကြောင်း ပြသနေသည်ဟု ပြောကြားခဲ့ပါသည်။ Roeslani ၏ အဆိုအရ အင်ဒိုနီးရှားနိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် အတွက် ကြီးမားသော အလာအလာရှိရန် SOEs နှင့် ပုဂ္ဂလိက ကဏ္ဍနှစ်ခုလုံးမှ များစွာသော ရင်းနှီးမြှုပ်နှံသူအများစုသည် သန့်စင်သောစွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဦးတည်လျက်ရှိပြီး အစိုးရသည် လက်တလောတွင် အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန် ပိုမိုသန့်စင်သော စွမ်းအင်အခြေခံသည့် ဖွံ့ဖြိုးတိုးတက်မှုကို တိုက်တွင်းအားပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။  သို့သော် အင်ဒိုနီးရှားရှိ စီမံကိန်းများသည် လုပ်ငန်းစဉ်တစ်ခုလုံးကို သန့်စင်သော စွမ်းအင်အသုံးပြုမှု ရှားပါးကြောင်း သိရပါသည်။ IKN ၌ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ သမ္မတ ဂျိုကို ဝီဒိုဒိုက ပုဂ္ဂလိကကဏ္ဍသို့ ကမ်းလှမ်းမည့် မြေနေရာ ၄၉၃ ခု IKN ၍ ရှိကြောင်း အစောပိုင်းက ပြောကြားခဲ့ပါသည်။  ထိုမြေနေရာများကို နောင်အခါ ဟိုတယ်များ၊ ရုံးခန်းများနှင့် ကုန်သွယ်ရေးစင်တာအဖြစ်အသုံးချမည်ဟု သိရပါသည်။

Sourcce : Antara News

DOCA(ရန်ကုန်)